အင်တာနက်မှ တဆင့် ပြည့်တန်ဆာ များ ဈေးကွက် ချဲ့ထွင်လာ


ယခင်က ပြည့်တန်ဆာများသည် တယ်လီဖုန်း များဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေ ခဲ့ကြသည်။
ကားမှတ်တိုင်များတွင်ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း လိုက်လံကပ်မေး အချက်ပြပြီး တည်း
ခိုခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်
တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြ
ကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။

ယခုအခါ အိုင်တီ နည်းပညာကို အသုံးပြုပြီး အင်တာနက် ၊ ချက်တင်၊ ဖေ့ဘွတ် စသည့် ခေတ်မှီနည်း
များဖြင့် ဈေးကွက် ချဲ့ထွင်လာသည်ကို တွေ့မြင် ကြားသိ နေရသည်။ ထိုကဲ့သို့ အမှန်တကယ် ပြည့်
တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီးများ အတွက် လိင်ကိစ္စကို နည်းလမ်းမျိုးစုံဖြင့် လုပ်ကိုင်
နေသည်မှာ မဆန်းသော်လည်း အတုမြင် အတတ်သင်လာမည့် ဆယ်ကျော်သက်များ နှင့် အင်တာနက်
ကို အမှန်တကယ် အသုံးပြုနေသည့် ငယ်ရွယ် နုပျိုသည့် မိန်းကလေးများ၏ အရှက်နှင့် သိက္ခာအတွက်
မူ စိုးရိမ်ဖွယ် အခြေအနေ တစ်ရပ် ဖြစ်လာနေသည်။

လက်ရှိ ဖြစ်ပေါ်နေသော အင်တာနက်ကို အသုံးပြုပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများမှာ
အသက် ၁၈ နှစ် မှ အသက် ၃၀ ပတ်ဝန်းကျင် အထိ အမျိုးသမီးများ ပါဝင်နေပြီး အချို့မှာ ဂိုဏ်းဖွဲ့ပြီး
ပြည့်တန်ဆာခေါင်းဆောင် များက Online အသုံးပြုကာ ဈေးကွက်ရှာဖွေပေးပြီး လိင်ဖျော်ဖြေမည့် အ
မျိုးသမီးငယ်များကို စုဆောင်း ထားသည်ဟုပင်သိရှိရသည်။

မြန်မာအမျိုးကောင်းသမီးတို့အနေဖြင့် ထိုကဲ့သို့ ဘ၀မျိုးမရောက်ရန် အုပ်ထိန်းသူမိဘများတွင် တာဝန်
ရှိပေသည်။ မိမိတို့ သားသမီးများ၏ အင်တာနက်အသုံးပြုမှုကို တင်းကြပ်ရမည်ဟု မဆိုသော်လည်း
စောင့်ကြည့်စစ်ဆေးမှုတော့ ရှိသင့်ပေသည်။

From: Aureum Online Media

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews